Image
အတွေ့အကြုံများစွာရှိသော ဆရာ ဆရာမများနှင့် သင်ကြားပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့အကြောင်း

မိတ်ဆက်

ab Korean Language Centerကို 2007ခုနှစ်မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသားများစွာကို ကိုရီးယားပြည်သူ့သမ္မတနိုင်ငံသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ ပြီးနောက် 2013တွင် မွန်ပြည်နယ် မုဒုံမြို့နယ်သို့ ဒုတိယမြောက် သင်တန်းခွဲအသစ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နှင့် ပျော်ဘွယ်မြို့ တွင်လည်း တတိယမြောက် သည်။ 2017 သင်တန်းခွဲ အသစ်များ အဖြစ် ထပ်မံဖွင့်လှစ်ခဲ့ပါသည်။ 2019-2020တွင် Covid-19ကြောင့် သင်တန်းများအားလုံး ရပ်နားခဲ့ရပြီး 2021မှ စတင်ပြီး သင်တန်းကို ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိပါသည်။

ab korea language center

ယခုလက်ရှိတွင် ကိုရီးယားနိုင်ငံသို့ အမျိုးအစားနှစ်မျိုးဖြင့် သွားရောက်နိုင်ပါသည်။
ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များတွင် ပညာသင်သွားရောက်နိုင်ခြင်း

ပညာသင်သွားရောက်ရာတွင် D2 visa နှင့် D4 visaဟူ၍ visaနှစ်မျိုးရှိပါသည်။ D2 ကတော့ Korea Topik Level အနည်းဆုံး 3/4 ရှိသူများမှ ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်နှင့် ကောလိပ်များတွင် 4နှစ် (သို့မဟုတ်) 2နှစ် တက်ရောက်ခြင်းဖြစ်ပါသည်။ -D4ကတော့ Korea Topik Level မရှိသူများမှ Universityမတက်ရောက်ခင် Korea၌ Language Program တက်ရောက်ရခြင်းပင် ဖြစ်ပါသည်။

ပညာသင်သွားရောက်ရန်အတွက် အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရပါမည်။

အလုပ်လုပ်ကိုင်နိုင်ရန် EPS-Topikစာမေးပွဲကိုဖြေဆိုပြီး ကိုရီးယားနိုင်ငံသို့ တရားဝင်သွားရောက်နိုင်ခြင်း

EPS( Employee Permit System) ဆိုသည်မှာ Koreaတွင် အလုပ်လုပ်ကိုင်လိုသော နိုင်ငံခြားသားများအတွက် ကိုရီးယားနိုင်ငံ အလုပ်သမားရေး ဝန်ကြီးဌာနမှ ဦးစီးကျင်းပသော စာမေးပွဲစနစ်ဖြစ်ပါသည်။

လိုအပ်သောအချက်များ
  • ပညာအရည်အချင်းမလိုပဲ အသက် 18 နှစ်မှ 38 နှစ်အတွင်း ရှိသောအမျိုးသားဖြစ်ရမည်။
  • ရာဇဝတ်မှု ကျူးလွန်ထားခြင်းမရှိသူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • အတန်းချိန်ပုံမှန်တက်ရောက်နိုင်သူဖြစ်ရမည်။
ပိုမိုသိရှိရန်

ဒါရိုက်တာ ကိုယ်ရေးအကျဉ်း

မင်္ဂလာပါ ကျွန်တော်ကတော့ ab Korean Language Center၏ Founder ဦးဒေဝအောင် ဖြစ်ပါတယ်။ 1984 October 13ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မွေးဖွားခဲ့ပြီး 2000-2001 ပညာသင်နှစ်တွင် အထက ညောင်ဦး ကျောင်းမှ အခြေခံပညာ အထက်တန်းကို ဖြေဆိုအောင်မြင်ခဲ့ပါသည်။ 2006ခုနှစ်တွင် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)၌ ကိုရီးယားဘာသာ အထူးပြုဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါသည်။ 2007မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် ab Korean Language Centerကို ဖွင့်လှစ်သင်ကြား ပေးခဲ့ပါ သည်။ 2013တွင် မွန်ပြည်နယ် မုဒုံမြို့နယ်သို့ ဒုတိယမြောက် သင်တန်းခွဲအသစ် အဖြစ်လည်းကောင်း၊ 2017 ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နှင့် ပျော်ဘွယ်မြို့ တွင်လည်း တတိယနှင့် စတုတ္ထမြောက် သင်တန်းခွဲ အသစ်များ အဖြစ်လည်းကောင်း သင်တန်းခွဲများစွာကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကိုရီးယားပြည်သူ့သမ္မတနိုင်ငံသို့ သင်တန်းသားများစွာကို သွားရောက်နိုင်ရန် အောင်မြင်စွာသင်ကြားပေးလျက် ရှိပါသည်။

မေးစရာရှိပါသလား?

အမေးများသောမေးခွန်းများ

သင်ကြားပေးမယ့်ဆရာမတွေကရော အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုရှိရဲ့လား?

နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမများမှ သင်ကြားပေးတာဖြစ်တဲ့အတွက် စိတ်ချ ယုံကြည်ရပါတယ်။ 

၀၉-၅၄၁၅၅၆၃ ၊ ရုံးဖုန်း ၀၉-၆၉၅၄၁၅၅၆၃ ကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပေးပါသည်။

Image

ဆက်သွယ်ရန်

အချိန်မရွေး ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Email
daewaaung@gmail.com
Phone
၀၉-၅၄၁၅၅၆၃၊ ရုံးဖုန်း ဝ၉-၆၉၅၄၁၅၅၆၃